Wednesday, November 7, 2012

ကူးလာအမည်မှသည် ကုလားအမည်သို့ ခေါ်ဆိုရခြင်းအကြောင်းအရင်းနှင့် မတည့်အတူနေလို့မရပါ




၁- ကူးလာအမည်မှသည် ကုလားအမည်သို့ ခေါ်ဆိုရခြင်းအကြောင်းအရင်း....။

ကျနော်တို့တိုင်းရင်းသားများအမှီသဟဲပြု၍ နေထိုင်သောမြန်မာနိုင်ငံတွင် မူဆလင်ကုလား၊ ဟိန္ဒူကုလား၊
ခေါင်းပေါင်းပေါင်းထားသည့် ပန်ချာပီကုလားဆိုသည့် ကုလားများရှိကြပါသည်။ ထိုသူများကို ကုလားဟူ၍ ကျနော်တို့တိုင်းရင်းသားများက ခေါ်ဝေါ်ကြပါသည်။ ထိုသို့- ခေါ်ဝေါ်ရခြင်းအကြောင်းတရားကား ထိုသူ
များသည်မြန်မာနိုင်ငံသို့ ကူးဝင်လာပြီး၊ လာရောက်အခြေချနေထိုင်ခဲ့သည့်အတွက်ကြောင့်  ကူးလာဟု ခေါ်ဆိုရာမှသည်၊ ကာလအချိန်ကြာမြေ့လာသောအခါ ကူးလာမှသည် ကုလားအမည်သို့ ကူးပြောင်းသွား

ခြင်းဖြစ်ပါသည်။ ကုလားလို့ခေါ်ဆိုတာဟာ မူဆလင်လူမျိုး ကုလားများကိုသာ ရည်ညွှန်းခေါ်ဝေါ်သုံးစွဲခြင်း
မဟုတ်ပါ။ ထိုသို့ခေါ်ဆိုမှုကို မူဆလင်ကုလားများ ဘာကြောင့် ရမယ်ရှာပြီး ထူးထူးဆန်းဆန်းမနှစ်မြို့သည်
ကို ကျနော်နားမလည်ပါ။ အမှန်မှာ ဆဲဆိုပြီးသုံးနှုန်းခေါ်ဝေါ်မှသာ နာရမည်ဖြစ်သည်။ မဆဲမဆိုပဲ ကုလားလို့
ခေါ်ဝေါ်တာ နာစရာမလိုပါ။ ထို့အပြင် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်စဉ်အခါကလည်း ကုလားဖြူ- ကုလားမဲ ခေါ်ဝေါ်တာမျိုးလည်းရှိခဲ့ပါသည်။
ကျနော်သိထားသမျှပြောရလျှင်.....။
ဟိုအရင်တချိန်က ဘင်္ဂလီလူမျိုးများသည် မိမိတို့မူရင်းဌါနေတွင် အလုပ်ကိုင်ရှားပါးပြီး စားဝတ်နေရေးပြဿနာ မပြေလည်မှုကြောင့်  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ကူးဝင်လာပြီး လာရောက်အခြေချနေထိုင်အလုပ်- လုပ်
ကိုင်စားသောက်သူများဖြစ်ကြသည်။ ထိုဘင်္ဂလီလူမျိုးနွယ်စုကို ယ္ခင်က ကူးလာလူမျိုးလို့ ခေါ်ဝေါ်ပြောဆိုခဲ့
ရာမှ ကာလကြာရှည်လာသော်အခါ ကူးလာမှသည်    ကုလားအမည်သို့ အသွင်ပြောင်းသွားသည်ဟု ဘင်္ဂလီ
လူမျိုးတစ်ဦးမှ ကျနော့်အားပြောဆိုခဲ့ဘူးပါသည်။ ထိုသူမှပင် ရခိုင်ပြည်တွင်ရှိသော မူဆလင်လူမျိုးများ
မှာ ဘင်္ဂလားဒေ့ရှ်မှ   ကူးဝင်လာသော ဘင်္ဂလီ ကူးလားများဖြစ်ကြသည်ဟုပြောဆိုဘူးပါသည်။ ထို့ကြောင့်
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် ကုလားဆိုသည့်အမည်နာမ်မကို နှိပ့်ချခေါ်ဝေါ်ပြောဆိုနေသည်ဟု မမြင်
စေလိုပါ။ မွန်ကို မွန်လို့ခေါ်ပြီး၊ ကချင်ကို ကချင်လို့ခေါ်ပြီး၊ ဗမာကို ဗမာလို့ခေါ်တာမဆန်းပါ...နာစရာလည်းမ
လိုပါ။ ဒါကြောင့် ကူးလာကို ကုလားလို့ခေါ်တာ မနာကြပါနဲ့။ အကယ်၍ ကုလားလို့ခေါ်တာ နာတယ်ဆိုလျှင် နာရခြင်းအကြောင်းအရင်းကို ကျနော့်အားအနည်းငယ်ရှင်းပြစေလိုပါသည်။ ကုလားဖြစ်ပေမယ့် အမည်နာမ်မ ကိုသိလျှင်သော်လည်းကောင်း၊ မသိလျှင်သော်လည်းကောင်း ကျနော်တို့တိုင်းရင်းသားများ ရိုင်းရိုင်းစိုင်းစိုင်း ဟေ့ကောင်ကုလားလို့  ဘယ်သူမှခေါ်ဆိုခြင်းမပြုကြပါ၊ ရန်ဖြစ်ကြသည့်အခါမှသာ စောင့်ကုလား၊ ဘာကုလား- ညာကုလားဆိုပြီး ဒေါသအလျှောက်ပြောဆိုခြင်းမျှလောက်သာဖြစ်ပါသည်။ ခင်ဗျားတို့ကုလားတွေလည်း ကျ
နော်တို့တိုင်းရင်းသားတွေနဲ့ ရန်ဖြစ်ကြတဲ့အခါ နောက်ကွယ်မှာ အမျိုးအမည်တမျိုးမျိုးသုံးပြီး ဆဲဆိုပြောဆိုကြ
မှာပါပဲ။ မောင်နှမတွေတောင် ရန်ဖြစ်ကြတဲ့အခါ ဒေါသအလျှောက် ဆဲဆိုမှုတွေတွေရှိကြတာပဲ။
ကျနော်၏ တော်လှန်ရေး- နိုင်ငံရေးခရီး တလျှောက်တွင် ကျနော်ချစ်ခင်သော မူဆလင်ကုလားမိတ်ဆွေများရှိ ပါသည်။ ထိုသူများကို ဘယ်လိုစစ- ဘယ်လိုနောက်နောက် သူတို့ကတော့ မော်ဒန်ကုလားတွေဆိုတော့ အပြုံး
မပျက်ကြပါ။

၂- မတည့်အတူနေလို့မရပါ....။
သမိုင်းရန်စကြီးကြီးမားမားရှိခဲ့ကြပြီး မတည့်အတူနေနေကြသည့်   ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးများသည်၊ မ
မျှော်လင့်ပဲ ဘင်္ဂလီလူငယ် ၃ ဦးမှ ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်လုယက်ကာ လူမဆန်စွာသတ်ဖြတ်
မှုကြောင့် ဖြစ်ပွါးလာခဲ့သောမီးသည် လူပေါင်းမြောက်များစွာကိုသေကြေပျက်ဆီးစေခဲ့ပြီး၊ အိုးမဲ့အိမ်မဲ့ဖြစ်ကာ
အခုဆိုရင် နှစ်ဘက်လုံးအထိနာကာ အတိဒုက္ခရောက်နေကြရပြီးဖြစ်သည်။ ထိုလူငယ် ၃ ဦးမှ တရားခံအစစ်
သည် ထောင်ထဲတွင် မိမိကိုယ် မိမိလုပ်ကြံ၍ သေဆုံးသွားပြီးဖြစ်တဲ့အကြောင်း၊ ကြံရာပါ ၂ ဦးကိုသေဒဏ်စီရင်
ချက်ချမှတ်ကာ သတင်းကိုခြေရာမခံမိအောင် နောက်ကွယ်မှစီစဉ်သူများမှ လက်စဖြောင့်လိုက်သည်ဟု စာရေး
သူအနေဖြင့် ထင်မြင်ယူဆမိပါသည်။ အခုဆိုရင် ရခိုင်အရေးသည် ပရောဂပါသည်ဟု အစိုးရကိုယ်တိုင်ပြော
ဆိုနေပြီး၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေထိရောက်စွာ
အပြစ်ပေးအရေးယူ ကိုင်သွယ်ဖြေရှင်းဖော်ထုတ်အရေးယူသွားမည်ဟု သမ္မတကိုယ်စား အစိုးရအကြံပေးက ထုတ်ဖော်ပြောကြားလာသည်။ လက်ရှိဖြစ်ပွါးနေသည့် ရခိုင်ပြည်နယ်ရှိ လူမျိုးရေးပဋိပက္ခသည်၊ လက်ရှိပြုပြင်
ပြောင်းလဲနေသော နိုင်ငံရေးကိုပါထိခိုက်နိုင်သည်ဟု သမ္မတကိုယ်တိုင် စကားဆိုဘူးပါသည်။ ဒီလိုဆို
လျှင် အခုဖြစ်ပွါးနေသော ပဋိပက္ခသည် လက်ရှိပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ထိခိုက်
လာနိုင်သည်ဟုဆိုလျှင် ဒီအရေးကို ရပ်တန်းကရပ်ဖို့ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်သွယ်ဖို့
တော့လိုပါသည်။ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ထိခိုက်လာလျှင် သည်အရေးကို ပေါ့ပေါ့လေး
တွေးပြီး ပစ်ထား၍မရတော့ပါ၊ ပထမအနေနဲ့ ပဋိပက္ခကို ဆက်လက်မဖြစ်ကြဖို့ အစိုးရက မေတ္တာရပ်ခံ
ပန်ကြားပေးပါ။ မေတ္တာရပ်ခံတာကို ဂရုမစိုက်ပဲ ဆက်လက်ပြီး ပြဿနာကိုမီးမွှေးနေရင် အဓိကရန်စသူ ကိုထိထိရောက်ရောက် ပြတ်ပြတ်သားသားကိုင်သွယ်ဖို့လိုပါတယ်။ သမ္မတကအစ တိုင်းရင်းသားခေါင်း
ဆောင်များ သည် ဘင်္ဂလီလူမျိုးနွယ်ကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုမည် မဟုတ်ကြောင်း အတိလင်း ကမ္ဘာသိအောင် ထုတ်ဖော်ပြောကြားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဘင်္ဂလီမျိုးနွယ်ဝင်များသည် ၁၉၈၂ နိုင်ငံ
ခြားသား ဧည့်ဥပဒေအရ နိုင်ငံသားဖြစ်ရေးကိုသာ ထည့်သွင်းစဉ်းစားပေးစေလိုပါသည်။ ဒါ့အပြင် မတည့်အတူတူနေကြလျှင် တချိန်မဟုတ် တချိန် အခုလိုဖြစ်ပွါးနေတဲ့ လူမျိုးရေးပဋိပက္ခများ ဖြစ်မလာနိုင် ဘူးဆိုတာ မည်သူမှ အာမခံပေး၍ရသည့်ကိစ္စမဟုတ်ပါ။ ဒါကြောင့် မတည့်အတူတူနေကြမည့်အတူတူ၊ နောင်ပြဿနာများ မဖြစ်ပေါ်လာနိုင်အောင် တိုင်းရင်းသား ရခိုင်လူမျိုးများနှင့် မြန်မာနိုင်ငံသားများအဖြစ် ခံယူကြမည့် ဘင်္ဂလီလူမျိုးများအနေဖြင့် သီးခြားစီခွဲခြားနေထိုင်ကြပါရန် စာရေးသူအနေနဲ့ အကြံပြုတိုက် တွန်းလိုက်ပါသည်။

( ကိုဗလိုင် )
                         

0 comments:

Post a Comment