Tuesday, November 6, 2012

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ်စားပါ



ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ(အစိမ်းရောင်ပန်းဂေါ်ဖီ)လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီး ဟင်းရွက်တွေ ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferousအမျိုးအစား ဟင်းသီးဟင်းရွက်တွေ စားတာေ
ကြာင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါး အသစ်တွေထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ် လို့ တွေ့ရှိခဲ့ပါတယ်။ ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်း၊ အစာမျြွိုပန်ကင်ဆာဖြစ်နိုင်ခြေ ၂၈ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

0 comments:

Post a Comment