Gaby
Scanlanဆိုသူ ဆက်ကျော်သက်အမျိုးသမီးဟာ သူမရဲ့ ၁၈နှစ်ပြည့်မွေးနေ့မှာ
လန်ကက်စတာမှ ဘားကောင်တာတစ်ခု အတွင်း ကော့တေးအရက် သောက်အပြီး
အသက်ရှူရခက်ခဲကာ အလွန်အမင်း ဝမ်းဗိုက်နာကျင်တာကြောင့် ဆေးရုံသို့ပြခဲ့ရာ
အစာအိမ်ပေါက်သွားတာကြောင့် သူမအသက်ကို ကယ်တင်ဖို့
အစာအိမ်ကိုခွဲထုတ်လိုက်ရပါတယ်။ သူမသောက်တဲ့ကော့တေးမှာ နိုက်ထရိုဂျင်
အရည်ပါဝင်တာကြောင့်လို့ သိရပါတယ်။
နိုက်ထရိုဂျင်အရည်ဟာ ၁၉၇ဒီဂရီစင်တီဂရိတ်မှာ အငွေ့ပြန်နိုင်တဲ့အတွက် အစာတွေနဲ့ အရည်တွေ ကို အေးခဲဖို့ အသုံးပြုများပါတယ်။
သူ့ကိုခွက်တွေကို အေးခဲဖို့ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေကို အေးခဲဖို့အတွက်သာ
အသုံးပြုသင့် ပါတယ်။ နိုက်ထရိုဂျင် အရည်ကို မျိုချမိရင် ဒါမှမဟုတ် ရှူမိရင်
ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ မျိုချမိရင်
ပါးစပ်၊လည်ချောင်း ဒါမှမဟုတ် အစာအိမ်တွေရဲ့ အစိတ်အပိုင်းတချို့
အေးခဲနိုင်ပြီး ဆိုးရွားစွာ အအေးလောင်ကျွမ်းမှု (ColdBurn)ဖြစ်နိုင်ပြီး
တစ်သျှူးတွေ ပျက်စီးတတ်ပါတယ်။ ဒီအရည်ဟာ အစာအိမ်အတွင်း
အမြန်ဆူပွက်နိုင်တာကြောင့် အငွေ့တွေ အမြောက်အမြားထွက်လာပြီး
အစာအိမ်ပေါက်တာလိုမျိုး ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒီဘားကောင်တာ က
နိုက်ထရိုဂျင်အရည် ပါဝင်တဲ့ကော့တေးကို Pornstar Martiniလို့ အမည်ပေးထားပြီး
ယခင်လက Facebookပေါ်တင်ပြီး ကြော်ငြာခဲ့ပါတယ်။ ဒါပေမဲ့ အခုပြဿနာဖြစ်ပြီး
နောက်ပိုင်းမှာ နိုက်ထရိုဂျင်အရည် ပါဝင်တဲ့ ကော့တေးအားလုံးကို
ရောင်းချခွင့် ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်။
Photo From :မြ၀တီ
သူ့ကိုခွက်တွေကို အေးခဲဖို့ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေကို အေးခဲဖို့အတွက်သာ အသုံးပြုသင့် ပါတယ်။ နိုက်ထရိုဂျင် အရည်ကို မျိုချမိရင် ဒါမှမဟုတ် ရှူမိရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။ မျိုချမိရင် ပါးစပ်၊လည်ချောင်း ဒါမှမဟုတ် အစာအိမ်တွေရဲ့ အစိတ်အပိုင်းတချို့ အေးခဲနိုင်ပြီး ဆိုးရွားစွာ အအေးလောင်ကျွမ်းမှု (ColdBurn)ဖြစ်နိုင်ပြီး တစ်သျှူးတွေ ပျက်စီးတတ်ပါတယ်။ ဒီအရည်ဟာ အစာအိမ်အတွင်း အမြန်ဆူပွက်နိုင်တာကြောင့် အငွေ့တွေ အမြောက်အမြားထွက်လာပြီး အစာအိမ်ပေါက်တာလိုမျိုး ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒီဘားကောင်တာ က နိုက်ထရိုဂျင်အရည် ပါဝင်တဲ့ကော့တေးကို Pornstar Martiniလို့ အမည်ပေးထားပြီး ယခင်လက Facebookပေါ်တင်ပြီး ကြော်ငြာခဲ့ပါတယ်။ ဒါပေမဲ့ အခုပြဿနာဖြစ်ပြီး နောက်ပိုင်းမှာ နိုက်ထရိုဂျင်အရည် ပါဝင်တဲ့ ကော့တေးအားလုံးကို ရောင်းချခွင့် ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
Photo From :မြ၀တီ



0 comments:
Post a Comment