Wednesday, November 7, 2012

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့ ဘယ်လို လျောက်လမ်းကြမလဲ




မြန်မာနိုင်ငံကို ကားဟောင်းကြီးတစ်စီးလို သတ်မှတ်လိုက်ပေါ့ --- Driver

ကတော့ သွားရမယ့်ခရီးကို ဦးဆောင်တဲ့သူလေ နိုင်ငံတော်သမ္မတကြီးလို့

ဘဲသဘောထားလိုက်ပေါ့ စပယ်ယာကတော့ အတိုက်အခံအဖွဲ့အစည်းလို့

ဘဲသဘောထားလိုက်ပါ --ဒီတော့ စပယ်ယာကလည်း နောက်ကနေအော်

ချင်ရာအော် Driver ကလည်းမောင်းချင်ရာမောင်းဆိုရင်လိုရာ ပန်းတိုင်ကို

ဘယ်ရောက်ပါ့မလဲ-- ဒါတင်ဘယ်ကမလဲ ကားတစီးလိုရာရောက်အောင်

သွားနိုင်ဘို့က အုပ်ချုပ်ရေးယန္တယားဖြစ်တဲ့ အင်ဂျင်ပိုင်းလည်းကောင်းအုံ

မှ အင်ဂျင်ပိုင်းကလည်း ဆီတွေကယိုချင်တဲ့နေရာယို ဖြစ်ချင်တဲ့နေရာဖြစ်

ဆိုရင်တော့ လိုရာခရီးကို ဘယ်လိုရောက်နိုင်ပါ့မလဲ-- ဒါ့အပြင် အောက်ပိုင်း

လဲကောင်းအုံးမှ အောက်ပိုင်းကောင်းမှ ကားဆိုတာလိုရာခရီးကိုအပြင်း

မောင်းလို့ရမှာလေ--ဒီတော့ အုပ်ချုပ်ရေးယန္တယားဖြစ်တဲ့ အင်ဂျင်ပိုင်းကော

အောက်ပိုင်းဖြစ်တဲ့ ကားအောက်ပိုင်းဖြစ်တဲ့ အောက်ခြေ၀န်ထမ်းကော

လိုက်ပါစီးနှင်းတဲ့ခရီးသည်ဖြစ်တဲ့ ပြည်သူတွေကော အားလုံးစည်းကမ်းရှိ

မှ ခေတ်မှီတိုးတက်တဲ့မြီု့တော်ကိုရောက်မှာ---

ဒီတော့ ခေတ်မှီဖွံ့ဖြိုးတဲ့မြို့တော်ကြီးကို ချီတက်တဲ့နေရာမှာ Driver ဖြစ်တဲ့

သူကလည်း သွားမယ့်ကားကို အုပ်ချုပ်ရေးယန္တယားဖြစ်တဲ့ အင်ဂျင်ပိုင်းဆိုင်

ရာကို ပြင်သင့်တာပြင် ပြုတ်သင့်တာပြုတ် လဲသင့်တဲ့အစိတ်အပိုင်းကိုလဲ

အောက်ပိုင်းကိုလည်း ကြံ့ခိုင်မှုရှိအောင် ပြင်သင့်တာပြင် ပြုတ်သင့်တာပြုတ်

လဲသင့်တဲ့အစိတ်အပိုင်းကိုလဲ နောက် လိုက်ပါစီးနင်းမယ့် ခရီးသည်ဖြစ်တဲ့

ပြည်သူတွေကိုလည်း အသိပညာပေး စပယ်ယာနဲ့လည်းညှိနှိုင်းတိုင်ပင်

ရင်တော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ မြို့တော်ကို မြန်မာ ဆိုတဲ့ ကားမလွဲ

မသွေရောက်မှာပါ----

အရင်က သွားရာလမ်းမှာ နိုင်ငံတကာပိတ်ဆို့မှုကြောင့် လမ်းမကောင်းလို့

ခရီးမသွင်ခဲ့ဘူးပြောနိုင်ပေမယ့် အခု နိုင်ငံတကာက လမ်းဖွင့်ကာ ကွန်က

ရစ်လမ်းကြီးခင်းထားပေးနေပြီလေ----ဒီတော့ ယာဉ်ပိုင်းဆိုင်ရာအားနည်း

ချက်ဖြစ်တဲ့ အုပ်ချုပ်ရေးယန္တယားမှာ ပြင်သင့်တာပြင် ပြုတ်သင့်တာပြုတ်

လဲသင့်တဲ့အစိတ်အပိုင်းကိုလဲအောက်ပိုင်းကိုလည်း ကြံ့ခိုင်မှုရှိအောင်

ပြင်သင့်တာပြင် ပြုတ်သင့်တာပြုတ် လဲသင့်တဲ့အစိတ်အပိုင်းကိုလဲ ပြီး

တော့ Driver နဲ့ စပယ်ယာညှိနိုင်းတိုင်ပင်ပြီးခရီးနှင်ခဲ့မယ်ဆိုရင်တော့

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ဆိုတာမဝေးဘူးလို့ထင်မြင်မိပါတယ်

ဆိုတာတင်ပြရင်း------



အားလုံးနားလည်နိုင်လိမ့်မယ်လို့

အေးချမ်းမွန်

0 comments:

Post a Comment