ကိုယ့်ဘဝမှာ အရေးအကြီးဆုံးအရာက ဘာလဲလို့မေးရင်….
ဘုန်းကြီး အသက်ခြောက်ဆယ်ရှိပြီ။ ဘဝအတွေ့အကြုံများပြီ။ ဘဝမှာ အရေးအကြီးဆုံးအရာဟာ ဘာလဲလို့မေးရင် သဘောထားနဲ့ အမြင်မှန်ဖို့ အရေးအကြီးဆုံးပဲလို့ ဖြေချင်ပါတယ်။
ပညာဘယ်လောက်တတ်တတ် သဘောထားမှားနေရင် အမြင်မ
ှားနေရင်
စိတ်ချမ်းသာမှု မရနိုင်ဘူး။ ငွေကြေးဘယ်လောက် ချမ်းသာချမ်းသာ
သဘောထားနဲ့အမြင်မှားနေရင် စိတ်ချမ်းသာမှု မရနိုင်ဘူး။
ဘွဲ့ကြီးကြီးရှိဖို့ထက် သဘောထားမှန်ဖို့ ပိုအရေးကြီးပါတယ်။ ရုပ်ရည်လှဖို့
ချောဖို့ထက် စိတ်ထားကောင်းဖို့ သဘောထားမှန်ဖို့ ပိုအရေးကြီးပါတယ်။
အရေးအကြီးဆုံးအချက်က ကိုယ့်သဘောထားကို ကိုယ်ပြင်လို့ရတယ် ဆိုတာပဲ။ အရပ်ရှည်အောင် လုပ်လို့မရဘူး။ အသားဖြူအောင် လုပ်လို့မရဘူး။ ဒါပေမယ့် သဘောထားမှန်အောင် လုပ်လို့ရတယ်။ စိတ်ရှည်အောင် လုပ်လို့ရတယ်။ စိတ်ထားဖြူအောင် လုပ်လို့ရတယ်။
အတိတ်ကို ပြင်လို့မရဘူး။ ဒါပေမယ့် သဘောထားမှန်ရင် အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်လို့ရတယ်။
ပတ်ဝန်းကျင်အခြေအနေကို ကိုယ်လိုသလို မပြင်နိုင်ဘူး။ ဒါပေမယ့် အဲဒီအခြေအနေတွေကို ဘယ်လိုသဘောထားမယ်ဆိုတာတော့ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ့်သဘောထားကို ကိုယ်ရွေးနိုင်တယ်။ ကိုယ်တကယ်ပြင်လို့ရတာ ကိုယ့်သဘောထားပဲ။ ဒီတစ်ခုပဲ ကိုယ်ပိုင်တယ်။ ကိုယ့်ဘဝ အဆင်မပြေမှုဟာ ကိုယ့်သဘောထားပေါ်မှာ ၉၀% တည်ပါတယ်။ ဒါကြောင့် အဆင်ပြေချင်ရင် ကိုယ့်သဘောထားကို ကိုယ်တာဝန်ယူရမယ်။
ဆရာတော်ဦးဇောတိက (ဆရာတော်ဦးဇောတိက၏ “စိတ်ချမ်းသာဖို့လိုရင်းပါ” စာအုပ်မှ ဖြစ်ပါသည်) နှလုံးသားအာဟာရ

0 comments:
Post a Comment