Friday, October 26, 2012

စနေ၊ တနင်္ဂနွေ

 အမှန်က
သူမပျော်ရင်
ကျွန်တော် ဘယ်စိတ်ကောင်းပါ့မလဲ
သူ့ခေါင်းမှာ ပတ်ခွေထားတဲ့
စံပယ်တွေ ရှိုက်သံမှာ
ကျတော်လက်ထိပ်တွေ
ဆက်ဆက်ခါနာ
ဘယ်လိုပင်လယ်မျိုးက
အငွေ့ပျံတက်ခဲ့တာလဲ
ရာသီမဟုတ်ပဲ ရွာတဲ့မိုးလို
သူ့ပါးက သနပ်ခါးမှာလည်း စိုစိုစွတ်စွတ်
ပို့လွှတ်ထားတဲ့ သတင်းစကားအရ
မျက်ဝန်းနွမ်းလျလျများအကြောင်း
သေချာတယ်
အဲဒါ
ကျတော်ခေါင်းစဉ်တပ်မရတဲ့ဖြစ်တည်မှုနဲ့
သူ့နောက်ကျော်မှာ
ဆံပင်တွေဖြန့်ချထားတတ်တဲ့
စနေ၊တနင်္ဂနွေပေါ့။

မောင်မျိုးခိုင်

0 comments:

Post a Comment